မျိုးဆက်ပွားနှင့် သားဆက်ခြားကျန်းမာရေး
၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့လူဦးရေမှာ ၇ ဒသမ ၉ ဘီလီယံခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာသည်နှင့်အမျှ လူဦးရေတိုးပွားနှုန်းမှာလည်း ပုံမှန်တိုးတက်လာနေပါတယ်။ ထို့နည်းတူ လူ့သက်တမ်းများလည်း တိုးမြင့်လာပါတယ်။ ယေဘုယျအားဖြင့် အိမ်ထောင်ပြုသည့်အချိန်မှာလည်း နောက်ကျလာကြောင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တွေ့ရှိရပါတယ်။ အိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ကလေးယူဖို့စဉ်းစားရာမှာလည်း သေချာစီမံချက်ချဆောင်ရွက်ရန် လိုအပ်ပါတယ်။ မလိုလားသော ကိုယ်ဝန်ရမှုကို ကာကွယ်ရန်နှင့် လိုအပ်သည့်အခါမှာလည်း ကိုယ်ဝန်ရရှိရန်လည်း လိုအပ်လာပါ တယ်။ ယခုခေတ်ကာလမှာ ကလေးများ ပြုစုပျိုးထောင်ရသည့်စရိတ်၊ အိမ်ထောင်စရိတ်များ ကြီးမြင့်တာကြောင့်လည်း စီမံချက်ချ ကာ မိမိတို့အမှန်တကယ် လိုအပ်ချိန်မှသာ ကလေးယူရန် လိုအပ်ပါတယ်။ ထို့အတွက် မျိုးဆက်ပွားမှုနှင့်ပတ်သက်သော သားဆက် ခြားခြင်းနှင့်စပ်လျဉ်းသော အခြေခံဗဟုသုတများကို အရွယ်ရောက်ပြီးသူ ကျား၊ မ မရွေးသိရှိနားလည်ထားရန်လိုအပ်ပါတယ်။ မျိုးဆက်ပွား ကျန်းမာရေးနှင့်ပတ်သက်လို့ ကျားရောမပါ









