မေ့မရသောလက်ဆောင် (အပိုင်း – ၁)
နှင်းတစ်ယောက် ဧည့်ခန်းထဲရှိ စာအုပ်တအုပ်အား အာရုံစိုက်ဖတ်နေသော ခင်ပွန်းဖြစ်သူဆီ ကော်ဖီခွက်လေးကိုင်ကာ လျှောက်လာခဲ့၏။ ‘’မောင်…ကော်ဖီရပြီနော်’’ “အင်းခဏထိုင်ဦး…နှင်းလေးမွေးနေ့ကနောက်အပတ်ထဲမလား’’ ‘’အင်းလေ…မောင်ရဲ့နှင်းလေးရဲ့၃၀နှစ်မြောက်မွေးနေ့ပေါ့’’ နှင်းတယောက်ခင်ပွန်းသည် နိုင်ဦးအားပြုံးပြရင်း ဘေးနားဝင်ရောက်ထိုင်လိုက်သည်။ အိမ်ထောင်သက် ငါးနှစ်အတွင်းမွေး နေ့ရောက်တိုင်း တစ်နှစ်ပြီးတနှစ် မတူညီသော လက်ဆောင်များပေးရင်းစပရိုက်လုပ်တတ်သော ခင်ပွန်းသည်နုင်ဦး၏ လက်ဆောင်အားကြိုတင်ရင်ခုံမိသည်။ လင်ဖြစ်သူမှာသူမထက် အသက်တစ်နှစ်သာ ကြီးသော်လဲ လေးစားခြင်း ဂါရဝတရားထားရှိခြင်းတို့မှာ အိမ်ထောင်သက်တမ်းတလျှောက် အနည်းငယ်မျှ လျှော့မသွားပဲပို၍ပင်တိုးလာခဲ့သည်။ အရင်လမှ နိုင်ဦးသူငယ်ချင်းတယောက် မွေးနေ့ပါတီ အားအတူသွားခဲ့ကြပြီး အပြန်တွင် တစ်လမ်းလုံး စကားမပြောပဲ တိတ်ဆိတ်လာခဲ့သည်။ အိမ်ရောက်သည်နှင်တပြိုင်နက် အိပ်ခန်းထဲ တန်းဝင်ကာ တစ်စုံတစ်ခုအားစဉ်းစားနေပုံရသော ခင်ပွန်းအားကြည့်နေမိ၏။ ခဏအကြာမှ ညဝတ်အင်္ကျီလဲလှယ်ဝတ်ဆင်ကာ ကုတင်ပေါ် နိင်ဦးဘေးနားဝင်လှဲ လိုက်တော့သည်။ နိုင်ဦးမှာ သူငယ်ချင်းဖြစ်သူပြောပြသော သူ့မိန်းမအတွက် မွေးနေ့လက်ဆောင်အကြောင်းတွေး ကာ စိတ်လှုပ်ရှားမှု ပြင်းထန်နေရသည်။ ‘’အို.…မောင်’’



