မျိုးဆက်ပွားအင်္ဂါများ၏လုပ်ဆောင်ချက်များ
သူငယ်ချင်း တို့ရေ… ခန္ဓာကိုယ် ဖွံ့ဖြိုးလာတာနဲ့အတူ မျိုးဆက်ပွားအင်္ဂါအစိတ်အပိုင်းတွေလည်းဖွံ့ဖြိုးလာပါတယ်… ဒါတွေကို သူငယ်ချင်းတို့ သိထားဖို့လိုပါတယ်… အမျိုးသား မျိုးဆက်ပွားအင်္ဂါ အစိတ်အပိုင်း (၉) ခု ပါဝင်တယ်… ယောင်္ကျားလေးတွေ လူပျိုဖော်ဝင်လာပြီဆိုရင် ဝှေးစေ့ကနေသန်းပေါင်းများမွာသော သုက်ပိုးတွေနဲ့ အမျိုးသားဟော်မုန်း တစ်မျိုးကိုထုတ်လုပ်ပေးပါတယ်။ သုက်ပိုးတွေက ဝှေးစေ့မှတဆင့် ဝှေးညှာ၊ သုတ်ပိုးပြွန်၊ သုတ်ရည်ပြုအိတ်ဆီသို့ အဆင့်ဆင့် ပို့ဆောင်စုဆောင်းထားပါတယ်။ လိင်မှုဆိုင်ရာခံစားမှု အမြင့်မားဆုံးအချိန်မှာ လိင်တံမှတဆင့်သုက်ပိုးအမြောက်အမြားပါတဲ့သုတ်ရည်ကို ထုတ်ပေးပါတယ်။ လိင်ဆက်ဆံတဲ့အခါ အမျိုးသမီးရဲ့ မျိုးဆက်ပွားအင်္ဂါအတွင်း ရောက်သွားတဲ့သုက်ပိုးဟာ အနည်းဆုံး (၃) ရက်ကြာ အသက်ရှင်နေနိုင်ပါတယ်။ အမျိုးသမီး မျိုးဆက်ပွားအင်္ဂါ အစိတ်အပိုင်း (၇) ခု ရှိပါတယ်… မိန်းကလေးတွေ အပျိုဖော်ဝင်လာပြီဆိုရင် အမျိုးသမီး ဟော်မုန်းတွေကိုထုတ်လုပ်ပေးတဲ့အပြင် သားဥအိမ်ကနေ တစ်လကို သားဥတစ်ဥ ကြွေပါတယ်။ သားဥအိမ်ကနေပြီး ကြွေလာတဲ့ […]









