မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား
လိင်ကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း မစတင်ခင်မှာ အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ဆက်စပ်နေတဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ပုံအကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ဝှေးစေ့သည် အမျိုးသားအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်း (Testosterone) အပြင် သုက်ကောင်တွေကိုပါ သိုလှောင်သိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့်လည်း တချို့သော အမျိုးသားတွေအနေနဲ့ ဝှေးစေ့ အရွယ်အစား သေးငယ်နေတဲ့အခါ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်လားဆိုပြီး မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား အကြောင်း လေ့လာလိုက်ရအောင်နော်။ ဝှေးစေ့အနေအထား အမျိုးသားလိင်အင်္ဂါရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်ဘက်တစ်လုံး၊ ညာဘက်တစ်လုံး အနေနဲ့ တည်ရှိပါတယ်။ ပုံမှန်အားဖြင့် ဘယ်ဘက် ဝှေးစေ့သည် အောက်ကို ပိုတွဲကျနေတတ်ပြီး […]









