လမ်းဆုံး (အပိုင်း ၁)
ဒီနေ့အတွက် ရှိသမျှအလုပ်ကိစ္စတွေ အကုန် ရှင်းထားသည်။ ဒီနေ့က ကျွန်တော်နှင့် ချစ်ဇနီးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး အမှတ်တရ ဖြစ်မှာ သေချာသည်။ရေချိုးပြီး အဝတ်အစား မလဲသေးဘဲ ကုတင်စောင်းတွင် ထိုင်ရင်း မှိုင်နေသည့် သူ့ကို သနားမိသည်။ သူ့ကြည့်ရတာ စိတ်မသက်မသာ ဖြစ်နေပုံ ရသည်။ သူသတ်ကုန်းဆီ သွားရမယ့် သေဒဏ်ကျ အကျဉ်းသားလို မျက်နှာညှိုးနေသည်။ ဒီလိုဆိုတော့လည်းကျွန်တော် အတင်း မတိုက်တွန်းရက်ပါ။ သူ့ခြေရင်းမှာ ထိုင်ရင်း သူမျက်နှာကို မော့ကြည့်သည်။ လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ ရေခဲတမျှ အေးစက်နေသည်။ “ ညီမ အရမ်း ကြောက်နေရင် အကို အချိန်မရွေး ဖျက်လိုက်လို့ ရတယ်… စိတ်မညစ်နဲ့နော်… ရုပ်ရှင်ကြည့်နေရင်း ညီမက Stop ဆိုတာနဲ့ သူ လုံးဝ ရပ်ကို […]






