လူငယ်နှင့် HIV/AIDS
လူငယ်နှင့် HIV/AIDS သူငယ်ချင်းတို့ရေ… တို့လူငယ်တွေအနေနဲ့ ကာလသားရောဂါအပြင် HIV/AIDS နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုလည်း သိထားဖို့ လိုသေးတယ်။ HIV ဆိုတာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီးတော့ AIDS ဆိုတာ HIV ပိုးကြောင့် ခုခံအားကျဆင်းပြီး ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာစုကို ခေါ်ပါတယ်။ HIV ပိုး ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့… ရောဂါပိုးရှိသူနဲ့ လိင်တူ / လိင်ကွဲ ဆက်ဆံရာမှ အများဆုံး ကူးစက်နိုင်ပါတယ် ရောဂါပိုးရှိသူရဲ့ သွေးကို သွင်းမိရင်လည်း ကူးစက်နိုင်ပါတယ်။ အရေပြားကို ဖောက်နိုင်တဲ့ ချွန်ထက်သော ပစ္စည်းများ (ဆေးထိုးအပ်၊ ဆေးမှင်ကြောင်၊ ဘရိတ်ဓါး) အတူတူမျှဝေသုံးစွဲရင်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့မိခင်မှ သန္ဓေသားကိုလည်း ကူးစက်နိုင်ပါတယ်။ ကဲ..အခုလောက်ဆိုရင် HIV ပိုးကူးစက်နိုင်တဲ့ အဓိကနည်းလမ်းတွေကို သိပြီးပြီဆိုတော့ HIV […]









