Discussion Space

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ!

ချစ်တင်းနှောမှုက အရွယ်ရောက်ပြီးသား ချစ်မြတ်နိုးသူ ၂ ဦးကြားမှာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ အပြုအမူတစ်ခုလို့ လက်ခံနိုင်ဖွယ်ရာ ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ ဒီလိုပြောရတာက တစ်ခါတလေမှာ ချစ်တင်းနှောမှုက ထင်မှတ်မထားတဲ့ စိတ်ညစ်ညူးစရာတွေကို ပေးစွမ်းနိုင်လို့ပါပဲ။ အတူနေနေချိန်တွေမှာ ခံစားရတာမျိုး ရှိသလို အတူနေပြီးချိန်မှာ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားကျန်းမာရေးရာ တစ်ခုအနေနဲ့ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါတဲ့နော်။ ကြွက်သားတွေ တောင့်တင်းနေတာ အတူနေချိန်မှာ အနေအထား တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ် […]

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ! Read Post »

မုန်ညင်းဆီက လိင်တံကြီးစေ သလား

အမျိုးသားတွေက သူတို့ရဲ့ လိင်တံနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု နည်းကြပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ လိင်တံကို သေးတယ်၊ ကောင်းကောင်း မထောင်မတ်ဘူးလို့ ထင်ကြပါတယ်။ ဒါကြောင့် နည်းမျိုးစုံသုံးပြီး ကြီးအောင်၊ ထောင်အောင် ကြိုးစားကြပါတယ်။ ဒီထဲမှာ မုန်ညင်းဆီလည်း ပါပါတယ်။ မုန်ညင်းဆီနဲ့ နှိပ်နယ်ပြီး လိင်တံကြီးအောင် ကြိုးစားကြပါတယ်။ တကယ်ရော မုန်ညင်းဆီက လိင်တံကြီးစေ လို့လား။ မုန်ညင်းဆီဆိုတာ မုန်ညင်းဆီဆိုတာ မုန်ညင်းစေ့ကို ကြိတ်ပြီး အဆီထုတ်ထားတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ မုန်ညင်းဆီက ပိုးသေစေတယ်။ ဆံသားနဲ့ အရေပြားကို ကျန်းမာစေတယ်။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေတယ်။ ကောင်းမွန်တဲ့ မပြည့်ဝဆီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီလို ကောင်းကျိုးတွေရှိပေမယ့် မုန်ညင်းဆီကို ဟင်းချက်ဆီအဖြစ် သိပ်မသုံးကြပါဘူး။ သူ့မှာ နှလုံးကို

မုန်ညင်းဆီက လိင်တံကြီးစေ သလား Read Post »

သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲ

အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ် နောက်ဆုံး wet dreamsလို့ခေါ်တဲ့ အိပ်နေချိန် မသိလိုက်ဘဲ သုက်လွှတ်တာကလည်း သုက်လွှတ်ခြင်းတစ်မျိုးပါပဲ။ အမျိုးသားအများစုကတော့ နည်းအမျိုးမျိုးနဲ့ ပုံမှန်သုက်လွှတ်တတ်ကြပေမဲ့ သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲဆိုတာကိုလည်း စိတ်ဝင်စားကြပါတယ်။ ဘာဖြစ်လို့ သုက်မလွှတ်ကြတာလဲ သုက်လွှတ်ခြင်းက သာမန်ကိစ္စတစ်ခုပဲ ဖြစ်တာကြောင့် သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ။ တချို့ကလည်း ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုခု ရှိမယ်လို့ ထင်တာကြောင့် ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် သုက်လွှတ်ခြင်းကို ရှောင်ကြပါတယ်။ ဒါ့ပြင် No Nut Novemberလို လမျိုးတွေဆို တစ်လလုံးလုံး လိင်လည်း မဆက်ဆံ၊ အာသာဖြေတာလည်း မလုပ်ဘဲ သုက်လွှတ်တာကို လုံးဝအနားပေးလိုက်တာလည်းရှိပါတယ်။ သုက်မလွှတ်တာကြာရင် ဒီလိုအကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်တာကြောင့်ပါ တချို့ကလည်း

သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲ Read Post »

သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ သုက်ကောင်နဲ့ အရည်တွေ ပါဝင်ပြီး မျိုးပွားခြင်းအတွက် အရေးပါပါတယ်။ ဒါကြောင့် အမျိုးသားတွေက သုက်ရည်နဲ့ ပတ်သက်လာရင် သတိကြီးကြီး ထားတတ်ကြပါတယ်။ သုက်လွှတ်တဲ့အခါ မတော်တဆ သုက်ရည်မှာ ဂျယ်လီလိုတွေ ပါလာတဲ့အခါ စိုးရိမ်ကြမှာ သဘာဝပါပဲ။ သုက်ရည်က ပုံမှန်ဟုတ်မဟုတ် ဆိုတာ သုက်ရည်ရဲ့ အရောင်၊ အရသာနဲ့ ပုံစံတွေက အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူတစ်ဦး ဖြစ်နေရင်တောင်မှပေါ့။ အရောင်အနေနဲ့ ပြောရမယ်ဆိုရင် အဖြူရောင်၊ ဝါဖန့်ဖန့်အရောင် တွေ့ရတတ်ပါတယ်။ တချို့တွေမှာလည်း မီးခိုးဖျော့ရောင် ရှိတတ်ပါတယ်။ အရသာအနေနဲ့ကတော့ ငန်တာ၊ ချိုတာ၊ ခါးတာတွေ ရှိတတ်လို့ ဆိုပါတယ်။ အနံ့အနေနဲ့ဆိုရင်လည်း တချို့တွေမှာ ကလိုရင်းအနံ့လိုမျိုး ဖြစ်နိုင်သလို တချို့တွေမှာ ချိုအီအီအနံ့ထွက်နိုင်ပါတယ်။ ပုံစံအနေနဲ့ကတော့ ရေလို

သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား Read Post »

Scroll to Top