သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲ
အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုပါ။ လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ် နောက်ဆုံး wet dreamsလို့ခေါ်တဲ့ အိပ်နေချိန် မသိလိုက်ဘဲ သုက်လွှတ်တာကလည်း သုက်လွှတ်ခြင်းတစ်မျိုးပါပဲ။ အမျိုးသားအများစုကတော့ နည်းအမျိုးမျိုးနဲ့ ပုံမှန်သုက်လွှတ်တတ်ကြပေမဲ့ သုက်မလွှတ်တာကြာရင် ဘာဖြစ်တတ်သလဲဆိုတာကိုလည်း စိတ်ဝင်စားကြပါတယ်။ ဘာဖြစ်လို့ သုက်မလွှတ်ကြတာလဲ သုက်လွှတ်ခြင်းက သာမန်ကိစ္စတစ်ခုပဲ ဖြစ်တာကြောင့် သုက်လွှတ်ခြင်း၊ မလွှတ်ခြင်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပါ။ တချို့ကလည်း ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုခု ရှိမယ်လို့ ထင်တာကြောင့် ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုတွေကြောင့် သုက်လွှတ်ခြင်းကို ရှောင်ကြပါတယ်။ ဒါ့ပြင် No Nut Novemberလို လမျိုးတွေဆို တစ်လလုံးလုံး လိင်လည်း မဆက်ဆံ၊ အာသာဖြေတာလည်း မလုပ်ဘဲ သုက်လွှတ်တာကို လုံးဝအနားပေးလိုက်တာလည်းရှိပါတယ်။ သုက်မလွှတ်တာကြာရင် ဒီလိုအကျိုးကျေးဇူးတွေ ရမယ်လို့ ယုံကြည်တာကြောင့်ပါ တချို့ကလည်း […]









