လူငယ်နှင့် ကာလသားရောဂါ

သူငယ်ချင်းတို့ရေ…
အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကြောင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း ဆိုတဲ့ ပြဿနာအပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများလည်း ကူးစက်ခံရနိုင်ပါတယ်…
“ ဒီရောဂါဟာ ယောက်ျားလေးရော၊ မိန်းကလေးမှာပါ ဖြစ်နိုင်ပါတယ်… အများအားဖြင့် လိင်အပျော်အပါး လိုက်စားသူများမှာ အဖြစ်များပါတယ်..
လိင်မှတဆင့်ကူးစက်တတ်သောရောဂါ အမျိုးအစားပေါင်း (၄၀) ကျော် ရှိပါတယ်။ HIV/AIDS ကလည်း တစ်ခုအပါအဝင်ပေါ့။
ကာလသားရောဂါတွေရဲ့ အဓိက လက္ခဏာတွေကတော့…
ဆီးသွားရာတွင် ဆီးပူ၊ ဆီးကျဉ်ခြင်း
လိင်အင်္ဂါတဝိုက် အနာပေါက်ခြင်း၊ ယားယံခြင်း
လိင်အင်္ဂါမှ အနံ့ဆိုးသောအဖြူနှင့် ပြည်ဆင်းခြင်း

မိန်းကလေးများတွင် တခါတရံမှာ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းလည်း ခံစားရနိုင်သလို အချို့သော ရောဂါတွေဟာ ချက်ချင်းမခံစားရဘဲ နောင်မှ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်
ဘယ်လိုကုသရမလဲဆိုတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီမှာ မိမိ၏ လိင်ဆက်ဆံဖက်နှင့်အတူ တပြိုင်နက်တည်း အစောဆုံးနဲ့ စနစ်တကျ ကုသမှုခံယူရပါမယ်…
တကယ်လို့ ရှက်ကြောက်ပြီး စနစ်တကျ မကုသရင် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့…
မျိုးပွားလမ်းကြောင်းတလျှောက် ပိုးပျံ့နှံ့ခြင်း
ကလေးပျက်ကျခြင်း၊ အသေမွေးခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းသော ကလေးမွေးဖွားခြင်း (ကိုယ်ဝန်ဆောင်ဖြစ်လျှင်)
ကလေးမရနိုင်တော့ပဲ မြုံခြင်း
ဆေးပတ်လည်အောင် မသောက်မိပါက ဆေးယဉ်ပါးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

ကာလသားရောဂါအများစုဟာစနစ်တကျ ကုသရင်လုံးဝပျောက်ကင်းနိုင်ပါတယ်..
ရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းတွေကတော့
လိင်အပျော်အပါးလိုက်စားခြင်းကို လုံးဝရှောင်ကြဉ်ခြင်း
မရှောင်နိုင်ပါက ကွန်ဒုံးကို စနစ်တကျသုံးစွဲခြင်း တို့ဖြင့်ကာကွယ်နိုင်ပါတယ်
သူငယ်ချင်း ဘဝထဲကို ကာလသားရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်တားဆီးဖို့ တိုက်တွန်းလိုက်ပါတယ်..
ကာလသားရောဂါ ကူးစက်ခံရသူတွေဟာ သာမန်လူတစ်ယောက်ထက် HIV ပိုး ကူးစက်ခံရဖို့ ပိုမိုလွယ်ကူပါတယ်…

Leave a Comment

Scroll to Top